ABC in Hlaing TSP., May 2019

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် အ တွင်း လေလွင့်ခွေးများအား မျိုးဆက်ခြားခွဲစိပ်ကုသခြင်းကို (10-5-2019) မှ (18-5-2019) အတွင်း ဆောင်ရွက် ပေးမည်ဖြစ်ရာ၊ မိမိတို့ နေ အိမ်၊ ဘုန်ကြီးကျောင်းများ၊ စာသင်ကျောင်းများမှ လေလွင့်ခွေးများ အားဦးစားပေ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။  လေလွင့်ခွေးများအား မျိုးဆက်ခြားခွဲစိပ်ကုသခြင်းကို Myanmar Veterinary Association မှ  မြန်မာ-တိကုဆရာဝန် (၁၂) ဦး၊ Worldwide Veterinary Service မှ တိကုဆရာဝန် (၄)ဦး၊ Thia Vet Nurse (၆)ဦး တို့ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။ လိုအပ်သော ခွဲစိပ်ကုပစ္စည်များ၊ ဆေးဝါးများ၊ စုစုပေါင်း ခွေးအကောင် (၄၀၀) စာကို WVS မှ ပံ့ပိုးပေးမည်ဖြစ်ပြီး၊ ကျန်လိုအပ်ချက်များဖြစ်သည့်၊ ခွဲစိပ်ကုသရန်အတွက် နေရာကို ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စလှယ် ဦးကျော်ကျော်ထွန်းနှင့် အဖွဲ့မှ ညှိနှိုင်းကူညီဆောင်ရွက် ပေးမည်ဖြစ်ပြီး၊ ကျန်လိုအပ်ချက်များကို မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်းမှလည်းကောင်း၊ အခြားပြင်ပအလှူရှင်များမှလည်းကောင်း ၀ိုင်းဝန်းအားဖြည့် ကူညီဆောင်ရွက်ပေးနိုင်ပါကြောင်းအသိပေးအပ်ပါသည်။(မတ်လ ၂၀၁၉)

Animal Birth Control Pilot Project (May 2019) ကို ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ အမှတ် (၄) ရပ် ကွက်၊ လှိုင်မြို့နယ် ပညာရေးမှုးရုံး(အဟောင်း) တွင် ပြုလုပ်ဆောင် ရွက် ခွင့်ရမည်ဖြသ်ကြောင်း ၊ရန်ကုန်တိုင်း ဒေသကြီး တိုင်းပြည်သူ့လွှတ်တော်ကိုယ်စလှယ် ဦးကျော်ကျော် ထွန်းထံမှသိရှိရပါသည်။ (ဧပြီလ ၂၀၁၉)

Animal Birth Control Pilot Project (May 2019) ကို (၁၀-၅-၂၀၁၉) နေ့မှ (၁၈-၅-၂၀၁၉) နေ့ထိ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ အမှတ် (၄) ရပ် ကွက်၊ လှိုင်မြို့နယ် ပညာရေးမှုးရုံး(အဟောင်း) တွင် ပြုလုပ်ဆောင် ရွက် လျှက်ရှိပါသည်။ လှိုင်မြို့နယ် အတွင်းရှိ ခွေးလေ ခွေးလွင့် (၃၉၉) ကောင်မှ ခွေးထီး (၁၉၃)ကောင် အား အထီးမျိုးဥ ထုပ်ခြင်း (Castration) နှင့် ခွေးမ (၂၀၆) ကောင်အား အမဥအိမ်နှင့် သားအိမ်ထုပ်ခြင်း (Overiohysterectomy)  တို့အပြင် Anti Rabies Vaccine ထိုးနှံပးခြင်း၊ ဂုတ် အစက်ချဆေး (drop on) ထည့်ပေးခြင်း၊ သင်းကွပ်ပြီးကြောင်း နား ရွက် တွင် အမှတ်အသားပြုလုပ်ခြင်း (Ear Notching) တို့ကို ဆောင်ရွက် ပေးခဲ့ပါကြောင်းတင်ပြအပ်ပါသည်။ (May 2019)

Visitors: 44,905