သတင်းလွှာ ၂/၂၀၁၄

သတင်းလွှာ ၂/၂၀၁၄

အသင်းဝင်များ ခင်ဗျား -

                             မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၃-၂၀၁၅ ခုနှစ်)မှ အသင်းဝင်များအားလုံး ကာယသုခ၊ စိတ္တသုခနှစ်ဖြာ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

                             အလုပ်အမှုဆောင်အဖွဲ့၏ ဆောင်ရွက်ချက်များကို အသင်းဝင်များအား အသိ ပေးနိုင် ရန် သတင်းလွှာ အမှတ်စဉ် (၁/၂၀၁၄) ကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် ထုတ် ဝေခဲ့ပါသည်။ ယခု သတင်းလွှာ အမှတ် (၂/၂၀၁၄) ကို ထပ်မံထုတ်ဝေပေးပို့ပါသည်။

 ၂၀၁၄ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး

                 မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း၏ ၂၀၁၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို အောက်ပါအတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်။

             (က)     နှစ်ပတ်လည်အစည်းအဝေး၊ ပြခန်းများ ပြသခြင်းနှင့် ပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ

                                 ၂၇ - ၂၈ ၊ ဒီဇင်ဘာလ၊ ၂၀၁၄ ခုနှစ်

             (ခ)         နေရာ

                                 မြို့ တော်ခန်းမ၊ ၇၁ လမ်း၊ ၂၆ လမ်း နှင့် ၂၇ လမ်းကြား၊ မန္တလေးမြို့။

             (ဂ)         ညစာစားပွဲ

                                 နေ့ရက်         -         ၂၇၊   ဒီဇင်ဘာလ၊ ၂၀၁၄ ခုနှစ် (စနေနေ့)

                                 အချိန်           -         ညနေ (၆း၃၀) နာရီ

                                 နေရာ           -         Oriental House ၊ ၂၇ လမ်းနှင့် ၆၄ လမ်းထောင့်၊ မန္တလေးမြို့။

                                 တေးဂီတ   -            မြို့မတီးဝိုင်း။

             (ဃ)     ဂေါက်သီးရိုက် အားကစားပြိုင်ပွဲ

                                 နေ့ရက်          -         ၂၆၊   ဒီဇင်ဘာလ၊ ၂၀၁၄ ခုနှစ် (သောကြာနေ့)

                                  အချိန်           -         နေ့လည် (၁) နာရီ၊ TEE OFF

                                 နေရာ           -         ရွှေမန်းတောင်ဂေါက်ကလပ်၊ မန္တလေးမြို့

                                 ဆုပေးပွဲ        -         ညနေ (၆) နာရီ၊ ရွှေမန်းတောင်ဂေါက်ကလပ်

            (င)     သက်ကြီးပူဇော်ပွဲ

                                 နေ့ရက်       -         ၂၈၊   ဒီဇင်ဘာလ၊ ၂၀၁၄ ခုနှစ် (တနင်္ဂနွေနေ့)

                                 အချိန်           -         (၁၃း၀၀ ) နာရီ

                                 နေရာ           -         မြို့တော်ခန်းမ၊ မန္တလေးမြို့

                                 (ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများ စုစုပေါင်း (၃၈) ဦးအား မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၇ လမ်းနှင့် ၆၉         လမ်းထောင့်ရှိ  မြမန္တလာဟိုတယ်တွင် တည်းခိုရန် စီစဉ်ထားပါသည်။)

                   ၂၀၁၄ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး တက်ရောက်ရန် မှတ်ပုံတင်ကြေးကို ကျပ် ၁၀,၀၀၀/- (ကျပ်တစ်သောင်းတိတိ) နှင့် ညစာစားပွဲလက်မှတ်ကို ကျပ် ၁၀,၀၀၀/- (ကျပ်တစ်သောင်း တိတိ) သတ်မှတ်ထားပါသည်။

                   နှစ်ပတ်လည်အစည်းအဝေးသို့ အသင်းဝင်များ အင်တိုက်အားတိုက် တက် ရောက်ကြပါရန် နှင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် နောက်ဆုံးထား မှတ်ပုံတင် ကြပါရန် တိုက်တွန်းအပ်ပါသည်။

                   နှစ်ပတ်လည်အစည်းအဝေးတွင် ပြခန်း (၄၄) ခန်းနှင့် Billboard (၁၀) ခု ပါရှိ ရာ ယနေ့ အထိ ပြခန်း (၃၁) ခန်းနှင့် Billboard (၄) ခု ပြသရန် လက်ခံရရှိပြီး ဖြစ် ပါသည်။

 

အသင်း၏ Website

                   အသင်းမှ ဖွင့်လှစ်ထားသည့် Website ၏ လိပ်စာမှာ http://www.myanmarveterinaryassociation.org ဖြစ်ပါသည်။ ၀င်ရောက်ကြည့်ရှုပြီး လိုအပ်သည့် အကြံပြုချက်များ၊ လိုအပ်ချက်များ ပြင်ဆင်ပေးခြင်းတို့ကို MVA website ၏ Contact Us - Message box တွင် ရေးသားပေးပို့ ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

 

PREVENT MYANMAR Project ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ် ထိန်းချုပ်ရေး ပညာပေးအစီအစဉ်

                   Project ကို ၂၀၁၄ ခုနှစ် ဇွန်လမှ စက်တင်ဘာအထိ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၊ အမရပူရမြို့၊ စဥ့်ကိုင်မြို့၊ မတ္တရာမြို့ နှင့် ပျော်ဘွယ်မြို့တို့တွင် အသင်းမှ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ Project Phase (II) ကို ဆက်လက်၍ မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့ ၊ ကျောက် ဆည်မြို့ ၊ မိတ္ထီလာမြို့ ၊ မြင်းခြံမြို့ နှင့် ကျောက်ပန်းတောင်းမြို့ တို့တွင် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ မှ ဇွန်လအထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

World Rabies Day, 2014

                   ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အောက်ပါ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည် -

(က)         အသင်းနှင့် အိမ်မွေးတိရစ္ဆာန်ချစ်သူများ အဖွဲ့တို့ ပူးပေါင်း၍ ၂၇-၉-၂၀၁၄ ရက်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ၅၆ ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၅၄-ရပ်ကွက်၊ ၅၅-ရပ်ကွက်နှင့် အောင်ဇေယျအိမ်ရာရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင် ပညာရေးကျောင်းများတွင် ခွေး၊ ကြောင်များကို ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ပါသည်။

(ခ)               အလားတူ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် လည်း ဆောင်ရွက်ခဲ့ပါသည်။

(ဂ)  ဆက်လက်၍ ၁-၁၁-၂၀၁၄ ရက်တွင် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း၊ အခြေခံပညာဦးစီးဌာန ကျောင်း သုံးစာအုပ် ဂိုဒေါင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ၉၁ ရပ်ကွက် ဒဂုံသီရိလမ်းတွင် စေတနာရှင် ဒေါ်တင်နွဲ့မှ စောင့်ရှောက်ထားသည့် ခွေးများနှင့် ယုဇန ဥယျာဉ်မြို့တော် (C) Block ၉၃ ရပ်ကွက် တို့တွင် လည်း ခွေးရူးပြန်ရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခဲ့ပါသည်။

(ဃ)  မြန်မာနိုင်ငံဆရာဝန်အသင်း၊ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့ နှင့် သက်ပိုင်စိုးကုမ္ပဏီ တို့ ပူးပေါင်း၍ ကမ္ဘာ့ခွေးရူးပြန်ကာကွယ်ရေး နေ့ အထိမ်းအမှတ် ခွေးရူးပြန်ရောဂါအကြောင်း သိကောင်းစရာ ကျန်းမာရေးပညာပေးဟောပြောပွဲကို ၂၈-၉-၂၀၁၄ ရက် နံနက် (၀၉း၀၀) နာရီတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြန်မာ နိုင်ငံ ဆရာဝန်အသင်း ခန်းမဆောင် (အေ) ၌ ကျင်းပရာ အခမ်းအနားတွင် သဘာပတိအဖြစ် ဒေါက်တာစောပလယ်စော (ဥက္ကဋ္ဌ၊ မြန်မာင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ) နှင့် ဒေါက်တာတင်အေး (မြန်မာ နိုင်ငံ ဆရာဝန်အသင်း နာယက) တို့က ဆောင်ရွက်ပြီး ပါမောက္ခ ဒေါက်တာ တင်တင်မြိုင် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန် များအသင်း)၊ ပါမောက္ခ ဒေါက်တာမျိုးလွင်ငြိမ်း နှင့် ဒေါက်တာ တင့်တင့်ကြည် (ကျန်းမာရေးဦးစီးဌာန) တို့က   ပညာပေးဟောပြော ခဲ့ကြပါ သည်။

(င)               တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြန်မာနိုင်ငံဆရာဝန်အသင်း (မြိတ်)က ကြီးမှူး ကျင်းပသော ခွေးရူးပြန်ရောဂါ ကာကွယ်ရေးလူထု ပညာပေးဟောပြောပွဲကို ၂၀၁၄ ခုနှစ် အောက်တိုဘာ လ ၁၂ ရက် နံနက် ၉ နာရီက ပုလဲရတနာခန်းမတွင် ကျင်းပရာ မြန်မာနိုင်ငံဆရာဝန် အသင်း (ရန်ကုန်) မှ ပါမောက္ခဒေါက်တာချစ်စိုး၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနန်းဖြူအောင်နှင့် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာတင်တင်မြိုင် တို့က ပညာပေးဟောပြောခဲ့ကြပါ သည်။

(စ)               အလားတူ ဟောပြောပွဲများကို ၁၅-၁၁-၂၀၁၄ ရက်တွင် မော်လမြိုင် မြို့တွင်လည်း ကောင်း၊ ၁၆-၁၁-၂၀၁၄ ရက်တွင် ဘားအံမြို့တွင် လည်းကောင်း ပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံတိရစ္ဆာန် ဆေးကု ဆရာဝန်များအသင်းအား ဖိတ်ကြားသဖြင့် ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ တင်တင်မြိုင်မှ တက် ရောက်ဟောပြောမည် ဖြစ်ပါသည်။

 

နိုင်ငံတကာ အစည်းအဝေး၊ ကွန်ဖရင့်နှင့် ပြပွဲများ

(က)              ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် ကျင်းပ ခဲ့သည့် UBM Exhibition သို့ ဖိတ်ကြားသဖြင့် ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာတင်တင်မြိုင်မှ တက်ရောက် ခဲ့ပါသည်။

(ခ)               ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၀ - ၁၁ ရက်များတွင် ရန်ကုန်မြို့ ၊ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပသည့် LAF, 2014 Seminor သို့ အသင်းအား ဖိတ်ကြားသဖြင့်FAVA Conference Section တွင် ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာတင်တင်မြိုင်မှTackling Antimicrobial Resistance from a Food Safety Perspective ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။

(ဂ)               စင်္ကာပူနိုင်ငံတွင် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ အထိ ကျင်းပ မည့် FAVA Council Meeting, FAVA Congress နှင့် World Veterinary Association General Meeting တို့သို့ အသင်းအား ဖိတ်ကြားသဖြင့် ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာတင်တင်မြိုင် မှ တက်ရောက်မည်ဖြစ်ပါသည်။ WSPA မှ စီစဉ်မှုဖြင့် FAVA Conference တွင် ဥက္ကဋ္ဌမှ စာတမ်း (၂) စောင် တင်သွင်းဖတ်ကြား မည်ဖြစ်ပါသည်။

 

အသင်းဝင်ကတ်ပြား ပြုလုပ်ခြင်း

                  မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းတွင် PVC အသင်းဝင် ကတ်ပြားသစ်ကို ကတ်တစ်ခုလျှင် ကျပ် ၁၅၀၀/- (ကျပ်တစ်ထောင်ငါးရာတိတိ) ကောက်ခံပြီး RFID စနစ်ထည့်သွင်းကာ ပြုလုပ်ပေးလျက်ရှိပါသည်။ လာမည့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှစတင်၍ ကတ်တစ်ခုလျင် ကျပ် ၂၅၀၀/- (ကျပ်နှစ်ထောင်ငါးရာတိတိ)သို့ တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အသင်းဝင်ကြေးနှင့် မှတ်ပုံတင်ကြေးတို့ကို တိုးမြှင့်ကောက်ခံခြင်း မပြုပါ။


        

MVA အသင်းနှင့် ပတ်သက်သော သိလိုသော အကြောင်းအချက်များရှိပါက
အောက်ဖော်ပြပါ  အီးမေးလ်များသို့ပေးပို့ မေးကြားနိုင်ပါသည်။

info@myanmarveterinaryassociation.org
president@myanmarveterinaryassociation.org
secretary@myanmarveterinaryassociation.org

Visitors: 29,938